စာအုပ်များ
“တားမြစ်ထားသော မြင်ကွင်းများ” စာအုပ် ထွက်ရှိ
Thursday, 09 September 2010 10:32
from
www.irrawaddy.org

စစ်အစိုးရသည် ရှမ်းလူမျိုး အပါအ၀င် အခြား တိုင်းရင်းသားတို့၏
ယဉ်ကျေးမှုများကို ဖိနှိပ် ချိုးဖောက်၍ စစ်အစိုးရက အစစ်ဟန် ဖန်တီးထားသော
အတုအယောင် မြန်မာ့ ယဉ်ကျေးမှုဖြင့် အစားထိုးပုံစံချ နေကြောင်း ရှမ်း
လူ့အခွင့် အရေး လှုပ်ရှားသူများက ဆိုသည်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN)
က ယနေ့ ဖြန့်ဝေသည့် “တားမြစ် ထားသော မြင်ကွင်းများ” အမည်ရှိ စာအုပ်တွင်
ယင်းကဲ့သို့ ရေးသားထားသည်။
အဆိုပါစာအုပ်ကို ဖြန့်ဝေသည့် အချိန်သည် ရှမ်းနှစ်သစ်ကူးနှင့်
တိုက်ဆိုင်လျက်ရှိပြီး အင်္ဂလိပ်၊ ရှမ်း၊ မြန်မာ ဘာသာ ၃မျိုးဖြင့် www.shanwomen.org
အင်တာနက် စာမျက်နှာပေါ်တွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။
စာအုပ်ထုတ်ဝေသည့် အကြောင်းနှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင်
SWANအဖွဲ့မှ ပြောခွင့်ရ မွန်းကိန်က “စစ်အစိုးရက ကျမတို့တွေရဲ့အခွင့်အရေး၊
နယ်မြေ၊ သဘာဝ အရင်းအမြစ်တွေ လုယူရုံတင် မကဘူး၊ ကျမတို့ သမိုင်းနဲ့
ယဉ်ကျေးမှုတွေကိုပါ ဖျက်ဆီးနေတယ်” ဟု ဆိုသည်။
အလည်လာကြသူများ
Countries
| 41.6% | | JAPAN |
| 21.9% | | MYANMAR |
| 9.2% | | UNITED STATES |
| 6.8% | | THAILAND |
| 4% | | SINGAPORE |
Visitors
| Today: | 1 |
| Yesterday: | 1 |
| This Week: | 4 |
| Last Week: | 12 |
| This Month: | 10 |
| Last Month: | 77 |
| Total: | 876 |



